၁။ ဦးဖိုးသင်ကို ဆရာလှိုင်မှ မည်သို့ ပြုစားသနည်း။ဦးဖိုးသင်နှင့် ဆရာလှိုင်၊ အိုင်ကလောင်နှင့် တော်ခရမ်း၊ ရွာနီးချင်းမိတ်ဆွေများ။ ပြောမနာ၊ ဆိုမနာ။ တစ်နေ့ - ဦးဖိုးသင်မှ “ခင်ဗျားတို့ ဆရာတွေဟာ စုန်းပြုစားတဲ့ ပယောဂဝေဒနာတွေတော့ ကုပြီး စုန်းပညာ ကျတော့ ဘာလို့ မတတ်သလဲ” မေး၍ “ခင်ဗျား - ဆရာတွေကို အထင်သေးတာကို။ ဆရာတွေက စုန်းထက် တတ်သေးတယ်။ ခင်ဗျားမှမသိဘဲကို”ဟု ဆရာလှိုင်မှ ပြန်ပြောသည်။ “ခင်ဗျား စုန်းတွေထက် တတ်တယ်ဆိုရင် ကျုပ်ကို ပြုစားပြစမ်းပါ။ သေတော့ မသေစေနဲ့ဗျို့။” ဒါက ဦးဖိုးသင်၏ ခနဲ့သံ။ ဤသို့ဖြင့် ဇာတ်လမ်းစခဲ့သည်။ရာသီက တပို့တွဲ၊ နှာရည်တရွှဲရွှဲဖြင့် ချမ်းအားကောင်းဆဲ။...